Main menu

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း(၃/၂၀၂၃)ဖွင့်လှစ်ခြင်း

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း (၃/၂၀၂၃)အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနနှင့် ပူးပေါင်း၍ သတင်းဆောင်းပါးရေးသား နည်းနှင့် မီဒီယာအသုံးပြု၍ သတင်းမှတ်တမ်း Corporate Video File ပြုစုထိန်းသိမ်းနည်းသင်တန်းကို (၂၂.၈.၂၀၂၃)ရက်နေ့မှ (၂၃.၈.၂၀၂၃)ရက်နေ့အထိ စားသုံးသူရေးရာဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC)ခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

     အဆိုပါသင်တန်းဖွင့်လှစ်ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှုး  ဦးဝေဠုအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဝန်ထမ်းများသင်တန်းမှ လေ့လာသင်ကြားရသော စာတွေ့၊ လက်တွေ့လုပ်ဆောင်ချက်များနှင့်အသိပညာပေး လှုပ်ရှားမှုများကို (Video File)ဖြင့် တင်ပြနိုင်စေရန်နှင့် အနာဂတ်မှာ သတင်းဆောင်းပါးများ ရေးသားနိုင်ပြီး ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားနိုင်စေရန်ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှုး ဦးဇော်ဌေးအောင်က သတင်းထောက်များလိုက်နာရမည့် အချက်(၁၀)ချက်၊ သတင်းဦးနှင့် သတင်းဆောင်းပါး ကွဲလွဲမှုများ၊ သတင်းစကားပြောဆိုရာတွင် လိုက်နာရမည့်အချက်များ၊ သတင်းတင်ဆက်ရန်ကြိုတင်ပြင်ဆင်ခြင်းနှင့်  စကားပြောနည်းစနစ်များကို အသေးစိတ်ရှင်းလင်းပို့ချခဲ့ပြီး ဦးကီးလိန်းဖေ ဓာတ်ပုံကျွမ်းကျင်-၂ က (Video File) ပြုလုပ်နည်း၊ လက်တွေ့ဆောင်ရွက်ပုံအဆင့်ဆင့်များကို သင်ကြားပြသခဲ့ရာ ဝန်ထမ်း(သင်တန်းသား/သင်တန်းသူ)၊စုစုပေါင်း (၁၉)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)