ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊စားသုံးသူရေးရာဦးစီးအနေဖြင့် ကျောက်တော်မြို့၊ မြို့မဈေးအတွင်းရှိ ရောင်းချနေသော ကုန်စုံဆိုင်များတွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ပုံမှန်ဆောင်ရွက် စိစစ်လျက်ရှိပါသည်။
၂၀၂၃-ခုနှစ်၊ဩဂုတ်လ(၂၈)ရက်နေ့၊နံနက်(၁၀:3၀၀)နာရီအချိန်တွင် ကျောက်တော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံ ဦးလှမောင် (ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနပါဝင်သောဌာနများဖြင့် (Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ဖြူးသော Sprite အမှတ်တံဆိပ်အချိုရည်နှင့်ပုံစံတူ Sprite အချိုရည်များကို ရောင်းချနေခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ၎င်းSprite® အချိုရည်များသည် Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော်လည်း ယခုအခါ ဈေးကွက်အတွင်း ယင်းကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite® အမှတ်တံဆိပ် အချိုရည်နှင့်ပုံစံတူ၍ ကုန်အညွှန်းအမှတ်အသားအား ထိုင်းဘာသာဖြင့်ဖော်ပြထားသည့်အပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ထောက်ခံချက်မပါရှိသော Sprite® အချိုရည်များ ရောင်းချနေကြောင်း သိရှိရသဖြင့် အဆိုပါအချိုရည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေးကာ ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုန်စုံဆိုင်များတွင် ၎င်းအချိုရည်များ ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
အချိုရည်များရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော အချိုရည်များ၊ FDA ထောက်ခံချက်မရှိသော အချိုရည်များ ရောင်းချ ခြင်းမပြုရန်၊ အတုအပသတိပြု မှာယူ ရောင်းချကြရန်၊ ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာလိုက်နာဆောင်ရွက် ရမည့်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)