Main menu

စားအုန်းဆီရောင်းချနေမှုများ စိစစ်ကြပ်မတ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၈.၈.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ် ကြီးကြပ်မှုဖြင့် Zabu Kan Tun Trading Co.,Ltd မှ စားအုန်းဆီဈေးကားများ ရောင်းချပေးနေမှုအခြေအနေများကို ပူးပေါင်းကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

      အဆိုပါ ရောင်းချရာတွင် Zabu Kan Tun Trading Co.,Ltd မှ ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးရောင်းချပေးသောစားအုန်းဆီများ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂% အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း၊ အလေးချိန်မှန်ကန်စွာ ရောင်းချပေးခြင်း၊ စနစ်တကျဝယ်ယူ/ ရောင်းချနေခြင်းနှင့် စားအုန်းဆီ ၁ ပိဿာလျှင် (၄4၀၀) ကျပ်ဖြင့် ကျွန်းရွှေမြိုင်လမ်းနှင့် မဉ္စူလမ်းထောင့် (၂၃) ရပ်ကွက်(သုဝဏ္ဏမြို့) တွင် လည်းကောင်း၊ ဘုရင့်နောင် ၁၁ လမ်းနှင့် ၁၂ လမ်းကြား ရန်ကုန်သစ်ရပ်ကွက်၊ သင်္ဃန်းကျွန်းတွင် လည်းကောင်း တစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)