စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်ပမှတင်သွင်းသည့် စားသုံးဆီများသတ်မှတ် အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး မှ ဝန်ထမ်းများက ၂၆.၈.၂၀၂၃ ရက်နေ့တွင် ဆိုင်ရှင် ဦးဉာဏ်ထွန်း၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေး (ဈေးချို)တန်းရှိ ဆီဆိုင်တွင် ဆီ ၁ ပိဿာလျှင် ၄၄၀၀ ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများသို့ တန်းစီစနစ်ဖြင့် ရောင်းချပေးနေမှု အခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)