စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မုံရွာခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း(၃) ကြိမ်ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည် (၄.၈.၂၀၂၃)ရက်နေ့တွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ "ရွှေနန်းတော်" မုန့်လုပ်ငန်းရှင်အားလည်းကောင်း၊ (၁၆.၈.၂၀၂၃) ရက်နေ့ တွင် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ “စိန်ရွှေမိုး” ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်အားလည်းကောင်း၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၂၂.၈.၂၀၂၃) ရက်နေ့တွင် မုံရွာမြို့၊ ဘုရားကြီး ရပ်ကွက်ရှိ “မောင်းထောင်”ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်အားလည်းကောင်းတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)