စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုး ဦးဆောင်သောဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်း ဦးဆောင်သောဝန်ထမ်းများနှင့် ပူးပေါင်း၍ ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ် ဇေယျဝတီမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား ကျောင်းသူ များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြရန် ပြဌာန်းထားခြင်းများ၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင် ဖော်ပြေထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုရန်နှင့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြေထားသည့်တိုင်းလိုက်နာ စားသောက်သုံးစွဲသင့်သည့် အကြောင်းများကို ဟောပြောပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၄၅ ဦး တက်ရောက်ပါသည်။
ဟောပြောပွဲအပြီးတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသောမုန့်များနှင့် အချိုရည်များတွင် ဥပဒေ၊ ညွှန်ကြား ချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ပဲခူး)