ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အခမ်းအနားကို ၂၁.၈.၂၀၂၃ ရက်နေ့ ၊ နံနက် (၉:၃၀) နာရီအချိန်က ကျောက်တံခါးမြို့ အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးညွှန့်ဆွေက အဖွင့်မှာစကားပြော ကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်သန်းသန်းဌေးမှ “ကျန်းမာပျော်ရွှင် ပညာသင်ဖို့ ပတ်ဝန်းကျင် ကောင်း ဖန်တီးစို့” ဆောင်ပုဒ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ဆရာဝန်ကြီးဒေါက် တာစည်သူစန်းမှ ဩဂုတ်လ၏ (ပထမရက်သတ္တပတ်)ကို မိခင်နို့ စနစ်တကျတိုက် ကျွေးရေးရက် သတ္တပတ်၊ (ဒုတိယရက်သတ္တပတ်)ကို ၅နှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာ ဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (တတိယရက်သတ္တပတ်)ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ (စတုတ္တရက်သတ္တပတ်)ကို အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက် ရေးရက်သတ္တပတ်များ၏ လုပ်ဆောင်ချက်များ စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးဒေါက်တာစည်သူစိုး ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ဆရာ/ဆရာမတို့မှ ကျောင်းသူ/သားများကို ကျန်းမာရေး စစ်ဆေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ပျော်ဖော်ဝင် ဆယ်ကျော်သက် ကျောင်းသူများကို သံဓါတ်အားဆေး ပေးဝေခြင်း၊ ကျောင်းသူ/သားများအား အာဟာရတိုက်ကျွေးခြင်းနှင့် ကျောင်းကျန်းမာရေး အာဟာရ ရက်သတ္တပတ်ပြခန်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)