၁၉.၈.၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး (အရှေ့) ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော မြို့မ(၁)ရပ်ကွက်၊ အညာစု ရပ်ကွက်နှင့်၊ မြို့မ(၂)တိုးချဲ(၆)လမ်းရှိ အခြေခံလူတန်းစားများအား မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ညောင်လေးပင်မြို့ မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ရောင်းချရာတွင် စားအုန်းဆီ(၁)ပိဿာလျှင်(၅၀၀၀)ကျပ် လူတစ်ဦးလျှင် (၅၀)ကျပ်သား၊ စားအုန်းဆီ ပိဿာချိန်(၅၅၀) ပိဿာ၊ လူဦးရေ(၁၁၀၀)ဦးအား ရောင်းချပေးခဲ့ကြောင်း ၊ ယခုကဲ့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ညောင်လေးပင် မြို့နယ်အတွင်းသို့ လာရောက်ရောင်းချပေးရာတွင် ညောင်လေးပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါ သည်။
DOCA(ပဲခူး)