ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်အုပ်စု၊ အ.မ.က(လွန်) သီးကုန်းကျောင်းသို (၂၅.၈.၂၀၂၃)နေ့ ၊ နံနက် (၀၉:၃၀) အချိန်တွင်လည်းကောင်း၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အ.မ.က(လွန်)သီးကုန်းကျောင်းသို့လည်းကောင်း စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ စားသုံးသူအသိပညာပေး ဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။
ပန်းတောင်းမြို့နယ် အ.မ.က(လွန်) သီးကုန်းကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၀၂)ဦးနှင့် အ.မ.က(လွန်) နတ်မောက်ကျောင်းတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၆)ဦးတို့အား ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေးမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ ၂၀၁၉ ဥပဒေပါ စားသုံးသူအခွင့်အရေးများအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းတို့အား ကျောင်းသား/ကျောင်းသူများ နားလည်လွယ်အောင် ဥပမာများဖြင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ပြောဆိုခွင့်၊ တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားခွင့်များကို CICC ရုံးများတွင် ဖွင့်လှစ်ထားရှိပြီးဖြစ်၍ နစ်နာသည့် စားသုံးသူများအား တိုင်ကြားခွင့်ရှိကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
DOCA(ပဲခူး)