ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်တွင် MSMEs လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံ ငွေမှ ပန်းတောင်းမြို့နယ်၊ ဝန်လိုရပ်ကွက်ရှိ သိပ္ပံလမ်းနေ သဘာဝသစ်သီးအရသာယိုစုံလုပ်ငန်းရှင် ဦးစိုးမင်းအား လုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ချေးငွေများထုတ်ပေးထားပြီး ဖြစ်ပါသည်။ ထိုချေးငွေများရယူမှုအပေါ် (၂၆.၈.၂၀၂၃) ရက်နေ့ ၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ပြည်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ နှင့်အဖွဲ့တို့သည် သဘာဝသစ်သီးယိုစုံလုပ်ငန်းသို့ သွားရောက်၍ လက်ရှိလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ကုန်ကြမ်းများဝယ်ယူထားရှိမှု၊ ထုပ်ပိုးမှု၊ ဈေးနှုန်းနှင့်ဈေးကွက်တို့အား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည် ။
DOCA(ပဲခူး)