ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်စားသုံး /ထုတ်လုံ တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ ခရိုင် သတင်း/နည်းဌာနခွဲ တာဝန်ခံ ၊ ဒေါ်ကြည်ကြည်ချို ၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံ ဦးချစ်ကိုကို၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်း ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း ကာ ၂၄.၈.၂၀၂၃ ရက် နံနက် ၁၀:၀၀ နာရီ အချိန်တွင် လက်ပံတန်းမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များတွင် ရောင်းချနေသော ဓါတ်မြေဩဇာများ၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသော ၊ ကုန်အညွှန်းအမှတ်အသား မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ဓါတ်မြေဩဇာများကို တရားမဝင်ရောင်းချထားခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)