မွန်ပြည်နယ်၊ သထုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၃.၉.၂၀၂၃) ရက်နေ့တွင် သထုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးကုန်သည်များအသင်းနှင့် ပူးပေါင်း၍ အများပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချခဲ့ကြောင်း သိရှိရပါသည်။
အများပြည်သူများ သက်သာချောင်ချိရေးအတွက် ဧည့်မထဆန် (၁) ပြည်လျှင် (၂၅၀၀) ကျပ် ဖြင့် သထုံမြို့နယ် ဘင်လှိုင်ရပ်ကွက်၊ ဂေါ့လမ်း၌လည်းကောင်း၊ သထုံမြို့မဈေးရှေ့ နေရာတွင်လည်းကောင်း၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်က္ကော်ရပ်ကွက်ရှိ လေသာဆန်စက်တွင်လည်းကောင်း ဆန်များရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)