၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စာသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရပ်ကျေးစာရေးတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ကတ်တောင်အုပ်စု၊ ပါစမ်ကျေးရွာ၊ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် ကုန်စည်ပစ္စည်းမိတ်ဆက်ပွဲသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါ GINSENG TEA (ဂျင်ဆင်းတီး)များတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာန၏ထောက်ခံချက်များ ဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားမပါရှိသည့် ကုန်စည်ပစ္စည်းအား ရောင်းဝယ် ဖောက်ကားမှု မပြုလုပ်ကြရန်၊ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀) ပါ “စီးပွားရေးလုပ်ငန်း ရှင်၏ တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)