စားသုံးသူရေးရာဦးစီးဌာန၊ လားရှိုးမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်းပြီး အခြေခံပညာစာသင်ကျောင်းများတွင် အသိပညာ ပေးဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးများ စစ်ဆေးခြင်းအား ဆောင်ရွက်လျက်ရှိရာ (၂၃.၈.၂၀၂၃) ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အမှတ်(၁၀)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၀၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ဒေါ်မေသူဝင်း(ဦးစီးမှူး)မှ စားသုံးသူအခွင့်အရေးဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ ဒေါ်မာလာမြင့်(ဒုဦးစီးမှူး)မှ ကျောင်းသား/ကျောင်းသူများ ဝယ်ယူသုံးစွဲရာတွင် သိရှိရန်အတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များအားလည်းကောင်း အကျယ်တဝင့် ဟောပြောဆောင်ရွက်ခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းများအား စစ်ဆေးဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)