စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုး တက်စေရန်မျှော်မှန်းချက်နှင့်အညီစားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင်ဒေသတွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSMES စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရပါသည်။
ရသေ့တောင်မြို့နယ်တာဝန်ခံ ဦးသန်းဝင်း (ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်း(၂)ဦး တို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင်ရသေ့တောင်မြို့ အရှေ့မြောက် ရပ်ကွက်ရှိ “သန့်မြတ်” ရေသန့်စက်ရုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ ဆွေးနွေးရာတွင် ဦးစွာ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို သိရှိနားလည်ပြီး လိုက်နာရန်လိုအပ်ကြောင်း၊ မိမိတို့ထုတ်ကုန်များကို ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အရည်အသွေးပြည့်မီသောထုတ်ကုန် များထုတ်လုပ်နိုင်ရေး၊ လက်ရှိဖြစ်ပေါ်နေသောဈေးနှုန်း၊ ဈေးကွက်အခြေအနေများ၊ ထုတ်လုပ်နိုင်မှု အခြေအနေများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)