ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ဩဂုတ်လ ၃၁ ရက်နေ့ နေ့လည် ၁၄: ၀၀ နာရီ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ပေါ်ဆန်းစပါးဈေးနှုန်း တည်ငြိမ် ကျဆင်းရေးအတွက် အစည်းအဝေးကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ ဝန်ကြီး ဦးတင်အေးဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးစိုးဦးနှင့် ဌာနခွဲမှူး ဧရာဝတီကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်နှင့် တိုင်း ဆန်စက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း မြို့ပေါ်ရှိ ဆန်စက်ပိုင်ရှင် ၃၅ ဦး တက်ရောက်ခဲ့ ပါသည်၊၊
စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ရာ ပုသိမ်မြို့၏ ဆန် ဈေးနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးထက် ပိုမိုမြင့်တက်နေသဖြင့် အခြေခံလူတန်းစားများ စားဝတ် နေရေး အခက်အခဲအကြပ်အတည်းများနှင့်ကြုံတွေ့နေရကြောင်း ပေါ်ဆန်းဆန်တစ်အိတ် ၉၇၀၀ဝိ/- ဖြင့် အများပြည်သူအားရောင်းချပေးနိုင်ရေး စက်ပိုင်ကုန်သည်များအား ယခင်ဖြစ်ပေါ်ခဲ့ သည် ဈေးနှုန်းနှင့် ယခုဈေးနှုန်းဆန်စပါးလက်ကျန်ကောက်ယူမှုအခြေအနေများ ဆန်၊ စပါး သိုလှောင် ထားရှိမှု အခြေအနေများပေါ်မူတည်၍ ဈေးနှုန်းကျဆင်းရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်၊၊
စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူးမှ ဆန်စက်ပိုင်ရှင်ဆန်ကုန်သည်များအနေဖြင့် ထိုက်သင့်သည့် အကျိူးကျေးဇူးများ ရရှိပြီး ဖြစ်သဖြင့် သင့်တော်သည့် ဈေးနှုန်းဖြင့် ရောင်းချပေး စေလိုကြောင်းနှင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပါသည်၊၊
ဆက်လက်၍ ဧရာဝတီကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင် တိုင်းဆန်စက် ပိုင်ရှင်ဥက္ကဋ္ဌ ဦးစိုးဝင်းတို့မှ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်နှင့်အညီ ဆန်ဈေးနှုန်း ကျဆင်းရေးအတွက် အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)