Main menu

မြန်မာ့ဆေးဖက်ဝင်အပင်တစ်မျိုး တပင်တိုင်မြနန်းအကြောင်းသိကောင်းစရာ

Powered by Drupal
Mon, 09/11/2023 - 10:43 -- consumer_admin

   တပင်တိုင်မြနန်းသည် ရှမ်းပြည်နယ်တွင် အများအပြားပေါက်ရောက်လေ့ရှိပါသည်။ တပင်တိုင်မြနန်းသည် နွယ်ပင်မျိုးဖြစ်ပြီး ပင်စည်သေးသွယ်၍ ထောင့်လေးဘက်ရှိသည်။ အရွက်မှာ ရွက်လွှဲတစ်ဆင့်စီထွက်တတ်သည်။ ပန်းပွင့်လေးများသည် အလွန်သေးငယ်သောအဆုပ်ခိုင်လေးများဖြစ်ပြီး အဝါနုရောင်လေးများဖြစ်ကြသည်။ အသီးမှာ အဆုပ်လိုက် ဝိုင်းသောနီညိုရောင်အသီးစုလေးများဖြစ်ပြီး မှည့်လာသောအခါ အနက်ရောင်သို့ပြောင်းသွားပါသည်။ မြစ်ပွားနာအမျိုးမျိုးကိုကုသရာ၌ အသုံးပြုနိုင်ပါသည်။ အထူးသဖြင့် အမျိုးသမီးများ၏ မျိုးပွားလမ်းကြောင်းတွင်ဖြစ်ပေါ်တတ်သော မြစ်ပွားနာရောဂါများ၌ အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံတွင် တပင်တိုင်မြနန်းဆေးကို အမျိုးသမီးများ၌ဖြစ်ပေါ်တတ်သော မြစ်ပွားနာရောဂါများအတွက် အသုံးပြုလျက်ရှိပါသည်။ တပင်တိုင်မြနန်းသည် အမျိုးသမီးများ၏ မျိုးပွားလမ်းကြောင်းဆိုင်ရာ မြစ်ပွားနာရောဂါများကိုဖြစ်စေသော ကလာပ်စည်းများပွားများမှုကို ထိရောက်စွာဟန့်တားပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ တပင်တိုင်မြနန်း၏ အရွက်၊ ပင်စည်နှင့် ဥများအားလုံးသည် ဆေးဖက်ဝင်ပါသည်။ တပင်တိုင်မြနန်းကို မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းက အဖုအကျိတ်အမျိုးမျိုးကိုကုသရာ၌ အသုံးပြုခဲ့ကြသည်။ ပုံမှန်မဟုတ်သောဆဲလ်ပွားနှုန်းများကို ဟန့်တားပေးနိုင်သောကြောင့် အဖုအကျိတ်အမျိုးမျိုးကိုကုသရာ၌ အသုံးပြုနိုင်သည်။ မြစ်ပွားနာအမျိုးမျိုးကိုကုသရာ၌ အသုံးပြုနိုင်ပါသည်။ အထူးသဖြင့် အမျိုးသမီးများ၏ မျိုးပွားလမ်းကြောင်းတွင်ဖြစ်ပေါ်တတ်သော မြစ်ပွားနာရောဂါများ၌ အသုံးပြုနိုင်ပါသည်။ တပင်တိုင်မြနန်းတွင် ဆေးဖက်ဝင်အစိတ်အပိုင်းမှာ အမြစ်ဥဖြစ်ပြီး ယင်း၏အဆီအနှစ်သည် မြစ်ပွားနာများကုသရာတွင် များစွာအထောက်အကူပြုပါသည်။  ထို့ကြောင့် မြန်မာနိုင်ငံတွင် တပင်တိုင်မြနန်းဆေးကို အမျိုးသမီးများ၌ဖြစ်ပေါ်တတ်သော မြစ်ပွားနာရောဂါများတွင် အသုံးပြုလျက်ရှိပါသည်။ တပင်တိုင်မြနန်းဆေးသည် အမျိုးသမီးများအတွက် အလွန်အသုံးဝင်သော မြန်မာ့ဆေးစွမ်းကောင်းတစ်လက်ဖြစ်သောကြောင့် အမျိုးသမီးများကျန်းမာရေးအတွက် သုံးစွဲသင့်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

DOCA(ကယား)