စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် အငယ်တန်းစာရေး ဒေါ်မိခင်သူဇာတို့သည် ၁-၉-၂၀၂၃ ရက်၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အ.ထ.က (၂) ကျောင်းတွင် မြို့နယ်ကျောင်း ကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဟောပြောပွဲတွင် သက်ဆိုင်ရာမိတ်ဖက်ဌာနများမှ မိမိတို့သက်ဆိုင်သည့်ဌာနအလိုက် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူ အခွင့်အရေးများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက မိမိတို့ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၁၀) ဦး နှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၀) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နံနက် ၁၁:၄၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)