စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးဇင်မင်းကိုကို(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၇-၉-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန် တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘားအံမြို့နယ် ဈေးကွက်အတွင်း၌ THUKHA အမှတ်တံဆိပ်အချိုရည်နှင့် VIP အမှတ်တံဆိပ် အချိုရည်များ ရောင်းချနေမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် THUKHA အမှတ်တံဆိပ် အားဖြည့်အချိုရည်နှင့် VIP အမှတ်တံဆိပ်အဝါရောင်အချိုရည်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ စစ်ဆေးချက်အရ Sodium Cyclamate ပါဝင်မှုသည် သတ်မှတ်ပမာဏထက် ကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ကွင်းဆင်းစစ်ဆေးရပြီး အဆိုပါ အချိုရည်များကို ဘားအံမြို့နယ် ဈေးကွက်အတွင်းသို့ ရောင်းချနေမှု မရှိပါကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)