Main menu

ပန်းတနော် ဖိုးလမင်း ဆန်စက်ထုတ်ကုန်လုံခြုံစိတ်ချရစေမှုရှိစေရေး ကွင်းဆင်းလေ့လာစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၃၁.၈.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပန်းတနော်မြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ ဖိုးလမင်းဆန်စက်သို့ ကွင်းဆင်းလေ့လာစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပန်းတနော်မြို့နယ် ဖိုးလမင်းဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ပန်းတနော်ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါး/ ဆန်ဈေးကွက်အခြေအနေ၊ ဆန်တင်ပိုမှုအခြေအနေများ၊ ဒေသတွင်း စပါးစိုက်ပျိုးထွက်ရှိမှုနှင့် စပါးဝယ်ယူကြိတ်ခွဲမှု လုပ်ငန်းများအား မေးမြန်းခဲ့ပြီး Gasifier အသုံးပြုမှု၏ ကောင်းကျိုးများနှင့် ပြုပြင်ဆောင်ရွက်သင့်သည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

       ထို့အပြင် ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်းမြင့်ဆန်ကြိတ်ခွဲနိုင်ရေးစက်ပြုပြင်ဆောင်ရွက်နိုင်ရန် မြေပြင်အခက်အခဲများ မတည်ရင်းနှီးငွေလိုအပ်ချက်များ နည်းပညာလိုအပ်ချက်များအပေါ် ဌာနမှ ဆက်စပ်ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းကောင်းများကို ညွှန်ကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)