Main menu

ပန်းတနော်မြို့ပေါ်ရှိ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း အချိုရည်အရောင်းဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်များ ပါဝင်ခြင်း ရှိမရှိကို စားသုံးသူရေးရာဦးစီးဌာန နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ညောင်တုန်း ပန်းတနော်မြို့ပေါ်ရှိ အချိုရည်အရောင်း(၃)ဆိုင်သို့ သွားရောက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရီုင်ဦးစီးမှူးနှင့်အဖွဲ့သည် အသင့်သောက်သုံးနိုင်သော အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ဖော်ပြပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး အချိုရည်များတွင် FDAဌာန၏ ထောက်ခံချက် ပါဝင်မှု ရှိ/မရှိကို စစ်ဆေးခဲ့ကြပါသည်။ အချိုရည်အရောင်းဆိုင်များတွင် ရောင်းချနေသော အချိုရည်များ၌ FDA ဌာနတွင် မှတ်ပုံတင်ထားသော အချိုရည်နှင့်၊ ထောက်ခံချက်၊ ခွင့်ပြုချက်ပါဝင်သော အချိုရည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ  ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်နှင့်အညီထုတ်လုပ်ထားသော ကုန်စည်များကိုသာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး၊ လုပ်ငန်းရှင်များအား မိမိတို့ ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါဝင်သော ကုန်စည်များ ကိုသာ ရောင်းချရန်ကြရန် ပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)