စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်၊ အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်တို့သည် ၆-၉-၂၀၂၃ ရက်နေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် အမှတ်(၄)ရပ်ကွက်၊ မြို့ပတ်လမ်း၊ ဘားအံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က - ၄ ကျောင်းအစည်းဝေးခန်းမတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ၊ ဦးမျိုးဝင်းနိုင်က ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများကို စားသုံးသူအခွင့်အရေးအကြောင်းကို လည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင်ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ် အသားအကြောင်းကို ဥပမာ- မုန့်မျိုးစုံဖြင့် ပိုမိုနားလည်အောင် ကျောင်းသား၊ ကျောင်းသူများကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာတို့ လူကိုယ်တိုင်ဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website ဖြင့်ဖြစ်စေ၊ Head Office Consumer Call Center – 1535 တို့ကို တိုင်ကြားနိုင်ကြောင်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဟောပြောပွဲတွင် Grade - 6 ကျောင်းသား၊ ကျောင်းသူ ၁၃၅ ဦးနှင့် ဆရာ၊ ဆရာမ ၃၅ ဦး၊ စုစုပေါင်း ၁၇၀ ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြပြီး ဟောပြောပွဲကို ၁၁:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
DOCA (ကရင်)