ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်၊ ဂွမြို့နယ်တာဝန်ခံဒေါ်မာမာလေး (ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ အချိန်တွင်ဂွမြို့၊ မကျည်းငူကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်းတွင် ကျောင်းသား/သူများ အား စားသုံးသူကာကွယ်ရေး၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သတ်၍ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဦးစွာပထမ ခေတ္တကျောင်းအုပ် ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဂွမြို့နယ်တာဝန်ခံဒေါ်မာမာလေးက စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision) စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်၊ ရည်မှန်းချက် (Mission) (၄)ရပ်အား ချပြဆွေးနွေးပြီး၊ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ရန်ဖြစ်သည့် စားသုံးသူ ကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်အား ဥပမာပေး၍ ချပြဆွေးနွေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပုဒ်မ(၄၁၊၄၂၊၄၃)ပြဌာန်းချက်ပါအချက်များအားဥပမာပေး၍ ချပြဆွေးနွေးပြီး၊ကုန်စည်နှင့် ဝန်ဆောင်မှုများ ကိစ္စရပ်များအား အကျယ်တဝင့် ချပြဆွေးနွေးပြီး၊ စားသုံးသူအခွင့်အရေးများအရ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ ကိစ္စရပ်များပေါ်ပေါက်ပါက တိုင်ကြားနိုင်သည့် အခွင့်အရေးရှိသည့်အတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်ထားပါကြောင်းနှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာ ဗဟုသုတများအခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိစေရေး အတွက် ဌာနWebsite ဖြစ်သည့် www.doca.gov.mm နှင့် Doca Myanmar Mobile Application တွင် ဝင်ရောက်လေ့လာနိုင်ရေးနှင့်တိုင်ကြားနိုင်သည့် နည်းလမ်းများအား ချပြဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA (ရခိုင်)