ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၅)ရက်နေ့၊ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ ထောင်မှူးချောင်ကျေးရွာ (အ.မ.က)ကျောင်းတွင် ကျောင်းသား / ကျောင်းသူ(၁၀၀)ဦးနှင့် ဆရာ/ဆရာမ(၅)ဦး၊ စုစုပေါင်း(၁၀၅)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ကုန်စည်များ နှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများ၊ ဈေးကွက်အတွင်းရှိ စားသောက်ကုန်များကိုလည်း ရွေးချယ်ဝယ်ယူစားသောက်ကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလာပါက တိုင်ကြားနိုင်မှု အခြေအနေများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)