Main menu

ဖျာပုံခရိုင် ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

     ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်မြို့နယ်တာဝန်ခံတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ( ၂ )ရက်နေ့၊ ညနေ( ၁၇:၀၀  )နာရီခွဲအချိန်တွင် ခရိုင်စားသုံးသူရေးရာရုံး၌ စားသုံးဆီ ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့က တက်ရောက်လာသည့် လုပ်ငန်းရှင်တို့အား စားသုံးဆီ(ဆီဘူး)များနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွန်းအမှတ်အသားများနှင့်၊ FDA ထောက်ခံချက်ပါသော ဆီဘူးများကို ရောင်းချရန်နှင့် ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံအောင် ဖော်ပြရမည်ဖြစ်ပြီး တရားမဝင်ကုန်စည်များကို ရောင်းခြင်းမပြုရန် အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)