Main menu

ကလေးအာဟာရ ဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား ဦးစားပေးကုန်စည်များသတ်မှတ်၍ လစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ ဈေးကွက်အတွင်း ရောင်းချလျက်ရှိ‌သော ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အ သားပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုမရှိသော ကုန်စည် များ လျော့နည်းပပျောက်စေရန်အတွက် ၂၀၂၃-ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့နှင့် စက်တင်ဘာလ(၆) ရက်နေ့များတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးနှင့် ဝန်ထမ်းများသည် ကသာမြို့ပေါ်ရှိကုန်စုံဆိုင်နှင့် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးသည့်ဆိုင်များတွင် တွေ့ရှိရသည့် ကလေးအာဟာရဖြည့်စွက်စာများ (Pedia Sure/ Golden Cow/Gold Power) စသည့်အမှတ်တံဆိပ် များတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ ထို့နောက် စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးမှ ရောင်းချသူ ဆိုင်ရှင်များအား ကလေးအာဟာရဖြည့်စွက်စာများမှာ ကလေးငယ်များ အတွက် အဓိကထား ထုတ်လုပ်ထားသော ကုန်စည်များ ဖြစ်သောကြောင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်များဖြစ်ရန် ပိုလိုအပ်ကြောင်း၊ ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ အဓိကထား ရောင်းချကြရန်နှင့် သက်တမ်းလွန်ကုန်စည်များ၊ မြန်မာနိုင်ငံအစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် တားမြစ်ကုန်စည်များ စသည်တို့ကိုလည်း ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကလေးအာဟာရဖြည့်စွက်စာများတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)