ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၈.၈.၂၀၂၃) ရက်နေ့တွင် ဂုမ္မကွင်းအုပ်စု ဂုမ္မကွင်းအရှေ့ရွာရှိ သစ်ဆန်းပဲကြော်၊ နှစ်ပြန်ကြော် လုပ်ငန်းနေရာသို့ သွားရောက်၍ လုပ်ငန်းရှင် ဦးသန်းလွင်နှင့်တွေ့ဆုံ မေးမြန်းရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပိုင်ရှင် ဦးသန်းလွင်နှင့် တွေ့ဆုံမေးမြန်းရာတွင် ယခုလုပ်ငန်းကို မိသားစု (၈)ဦးနှင့် လုပ်ကိုင်လျက်ရှိကြောင်း ၊ စားသုံးသူများဘေးဥပါဒ် အန္တရာယ်ကင်းရှင်းစေရေးအတွက် ထုတ်ပိုးမှု ပါကင် ၊ တံဆိပ်ပါ အညွှန်းအတိုင်း လိုက်နာဆောင်ရွက်ထားပါကြောင်း၊ ဈေးကွက်လည်း ရရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
ကုန်ကြမ်းကိုတော့ မိုးညို၊ ရန်ကုန်၊ မန္တလေး၊ ပေါင်းတည်၊ ပြည်မြို့တို့မှ ကြိုတင်ဝယ်ယူပြီး သိုလှောင်ထားရပါသည်။ သစ်ဆန်းပဲကြော်ထုတ်လုပ်ရာတွင် အမျိုးပေါင်း(၆)မျိုးလောက်ထုတ်လုပ်ပါသည်။ တောင်ကြီးပဲနှင့် ပဲကြီးခြမ်းကိုပြုလုပ်ရာတွင်ရေချိုနှင့် (၁၂) နာရီကြာရေစိမ်ထားရပါသည်။ ကျန်သောကုလားပဲ၊ ကနေဒါပဲ၊ မြေပဲ၊ တို့ကိုတော့ (၄)နာရီခွဲ ရေစိမ်ရပါသည် ။ ရေစိမ်ပြီး သည်နှင့် ပြန်ဆယ် ယူပြီး ရေစစ်၊ ကော်မုန့်၊ ဆား၊ အချိုမှုန့်၊ နှမ်းအနည်းငယ်စီ ထည့်ရောသမပြီး ကြော်ရပါသည်။ ကြော်ပြီးလျှင် ဆီစိမ်းဖြင့် စိမ်ပြီးဆီခါ၍ ဆီစစ်ပြီးပေပါများထဲ သိုထည့်ထားရပါသည်။
ပဲကြော်ကြော်ရာတွင် ဖွဲမီးဖိုကိုအသုံးပြုပြီး ဒယ်နှစ်ဒယ်ဆန့်မီးဖိုဖြင့်ကြော်ရကာ တစ်ဒယ်လျှင် ဆီပိဿာ ၅၀၊ ပဲနှစ်ပိဿာကို ၄၅ မိနစ်ကြာ ကြော်ရပါသည်။ ယခင်ကာလက ပဲအချိန်ပိဿာ (၃၆၀) ကြော် ရရှိပါသည်။ ယခင်ကာလက ပဲအချိန်ပိဿာ (၅၀၀) ကြော်ရရှိပြီး ယခုကာလမှ ဆီဈေး အတက်ရှိကာ ကုန်ကြမ်းဝယ်ယူခက်ခဲမှု့ကြောင့် ပိဿာ (၃၆၀) ဘဲကြော်ရကြောင်း သိရှိရပါသည်။
ဈေးကွက်အနေနဲ့ ပဲကြော်၊ နှစ်ပြန်ကြော်များကို မြို့တွင်းဈေးဆိုင်များသို့ လိုက်ပို့ရပါသည်။ အုတ်ဖို၊ မင်းလှ၊ ဇီးကုန်းမြို့သို့လည်း တင်ပို့ရောင်းရပါသည်။ သထုံ၊ မော်လမြိုင်မြို့သို့လည်း တစ်လကို အိတ် ၂၀၀၊ တစ်ပတ်ကိုအိတ် ၇၀၊၈၀ အများဆုံးတင်ပို့ရကြောင်း သိရှိရပါသည်။
ပဲအစုံကြော် တစ်ပိဿာကို ယခုဈေး ၈၈၀၀ ကျပ်နှင့် အစိပ်သားတစ်ထုပ်ကို ၂၂၀၀ ကျပ်၊ ပဲကြီးခြမ်း (၁) ပိဿာကို ၈၆၀၀ ကျပ်၊ ပဲဖူး (၁) ပိဿာကို ၈၈၀၀ ကျပ်၊ တောင်ကြီးပဲ (၁) ပိဿာ ၁၁၀၀၀ ကျပ်၊ အစုံကြော်ရိုးရိုး ၆၄၀၀ ကျပ်ဖြင့် ဆိုင်အရောက်ဖြန့်ဝေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)