Main menu

ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၂)ဦး ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍  (၆.၉.၂၀၂၃)ရက်နေ့ ၊ နံနက် (၀၉:၃၀)အချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုး ရောင်းချနေသောဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များအနေဖြင့်  ကလေးအာဟာရ ဖော်စပ်ဖြည့်စွက်စာအမျိူးမျိုး၊ စံမညီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ရာ စံမညီဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိ ကြောင်းစိစစ်တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းမှလည်း ဆေး နှင့်ဆေးပစ္စည်းအမျိုးမျိုး အရောင်းဆိုင်များအား  တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ -၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ် အသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)