Main menu

ရွှေဘိုမြို့တွင် စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် (၆.၉.၂၀၂၃)ရက်နေ့၊နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားအုန်းဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ခရိုင်ဆီကုန်သည်အသင်းဥက္ကဌနှင့် အသင်းဝင်များ၊ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များ စုစုပေါင်း(၂၅)ဦးတက်ရောက်ခဲ့ပါသည်။

      တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားရာတွင် စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရရှိသည့် ဆီခွဲတမ်းများကို ရွှေဘိုမြို့တွင်းရှိ ရပ်ကွက်များစုံလင်စွာရောင်းချပေးနိုင်ပါက ပို၍အဆင်ပြေကြောင်း၊  ခရိုင်အတွင်းရှိ မြို့နယ်များကိုလည်း ဖြန့်ခွဲရောင်းချပေးစေလိုကြောင်း၊ မြို့ပေါ်ရပ်ကွက်သာမက ကျေးလက်နေပြည်သူများလည်း လိုအပ်လျက်ရှိသဖြင့် ညီညီမျှမျှဖြင့် စားသုံးသူလက်ထဲရောက်ရှိအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ရွှေဘိုခရိုင်တွင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းထားရှိပြီး စားအုန်းဆီ ဈေးနှုန်း တည်ငြိမ်စေရေးအတွက် ညီညီညွတ်ညွတ်နှင့် ကျစ်လစ်စွာဆောင်ရွက်လျက်ရှိသဖြင့် များစွာကျေးဇူးတင်ကြောင်း၊ ကောင်းသောအစဉ်အလာကိုလည်း ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီဝယ်ယူမှု၊ သယ်ယူမှုနှင့် ရောင်းချမှုများ ပြုလုပ်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို တင်ပြကြရန် ဆွေးနွေးခဲ့ပါသည်။

       ဆက်လက်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားအုန်းဆီရောင်းချမှုတွင် မိမိတို့ဝန်ကြီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေမှုအခြေအနေများ၊ (၄.၉.၂၀၂၃)ရက်နေ့တွင်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ သတင်းထုတ်ပြန်ချက်ပါအကြောင်းအရာများ၊ စားအုန်းဆီပြတ်လတ်မှုမရှိစေရေး ချိတ်ဆက်ဆောင်မှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားအုန်းဆီရောင်းချသည့်လုပ်ငန်းရှင်တစ်ဦးချင်းမှ လက်ရှိရောင်းချပေးနေသည့် ဆီအမျိုးအစားများ၏ဈေးနှုန်းနှင့် ရောင်းချမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို  ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)