Main menu

ရွှေဘိုမြို့တွင် စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးလျက်ရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ရွှေဘိုခရိုင် ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍  စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဆန်များဝယ်ယူရရှိပြီး တစ်ဖက်တစ်လမ်းမှ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ရွှေဘိုမြို့ရှိ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်(၃)ဦးမှ (၃.၉.၂၀၂၃ )ရက်နေ့မှ စတင်ရောင်းချပေးရာ (၁၁.၉.၂၀၂၃)ရက်နေ့ထိ ရောင်းချပေးလျက်ရှိပါသည်။

  ရောင်းချရာ၌ ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၅၀၀ဝိ/-)ကျပ်နှင့် ရွှေဝါထွန်း ဆန်တစ်ပြည်လျှင် (၂၅၀ဝိ/-)နှုန်းဖြင့်ရောင်းချပေးလျက်ရှိရာ စားသုံးသူပြည်သူတစ်ဦးလျှင် ရောင်းချသည့် ဆန်အမျိုးအစားထဲမှ နှစ်မျိုးစလုံးသော်လည်းကောင်း၊ မိမိကြိုက်နှစ်သက်ရာ ဆန်အမျိုးအစား ရွေးချယ်၍သော်လည်းကောင်း ဝယ်ယူနိုင်ကြောင်း၊ ဆန်အမျိုးအစားတစ်မျိုးလျှင်(၁)ပြည်နှုန်း ရောင်းချပေးလျက်ရှိကြောင်း၊ လတ်တလောတွင် ဆန်စက်လုပ်ငန်းရှင်(၃)ဦးမှ ရောင်းချပေးခဲ့ရာ ပြည်သူများမှ အလှည့်ကျ စီတန်း၍ဝယ်ယူလျက်ရှိကြောင်း၊ စားသုံးသူရေးရာဦးစီဌာနအနေဖြင့် ရောင်းချမည့် အစီအစဉ်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)