Main menu

ကသာမြို့ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိ သော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းအား လစဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိရာ ၂၀၂၃-ခုနှစ် စက်တင်ဘာလ(၁၂) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦး၊ ကသာမြို့နယ်တာဝန်ခံနှင့် ဌာနမှဝန်ထမ်းများသည် ကသာမြို့ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် မြေပဲဆီ/နေကြာဆီ/စားအုန်းဆီစသည့် ဆီဘူးများအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များ၊ ညွှန်ကြားချက်(၁/၂၀၂၁)ပါ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) များတွင် ထည့်သွင်းဖော်ပြရမည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ အဓိကထား စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးမှ ရောင်းချသူဆိုင်ရှင်များအား စားသုံးဆီများ ရောင်းချရာတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်ပစ္စည်းအမှတ်တံဆိပ်များကိုသာ ရောင်းချရန် မှာကြားခဲ့ပြီး စားသုံးဆီ ဆီဘူးများတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက် များအား ဆိုင်ရှင်များအနေဖြင့် လေ့လာသိရှိနိုင်ရန် ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)