Main menu

အင်းတော်မြို့ရှိ ဆေးဆိုင်များတွင်ရောင်းချလျက်ရှိသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်စေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးသည် အင်းတော်မြို့ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ဆေးဆိုင်တွင် ရောင်းချလျက်ရှိသော ကလေးအာဟာရဖြည့်စွက်စာများတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ ၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့်ဟု တရားဝင်ထုတ်ပြန်ထားသည့် ဆေးဝါးများရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသူဆိုင်ရှင်များအား ကလေးအာဟာဖြည့်စွက်စာများ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချခြင်း မပြုရန် မှာကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ၊ တရားမဝင်ဆေးဝါးအမှတ် တံဆိပ်များအား ချပြရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)