၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ တာချီလိတ်မြို့၊ဆန်ဆိုင်း(က)ရပ်ကွက်ရှိ မဇ္ဈိမသောက်ရေသန့်လုပ်ငန်းနှင့် ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ စွမ်းထက်သောက်ရေသန့်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးခြင်းဆောင်ရွက်ရာတွင် မဇ္ဈိမသောက်ရေသန့်နှင့် စွမ်းထက်သောက်ရေသန့်တို့သည် မြန်မာစာကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြထားပြီး သောက်ရေသန့်ထုတ်လုပ် သည့်လုပ်ငန်းစဉ်နှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက်စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် သောက်ရေသန့်လုပ်ငန်းရှင်များအား သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များကို ပုံမှန်သက်တမ်းတိုးရန်၊ လုပ်သားများ၏တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်စက်ရုံသန့်ရှင်းရေးကိုအလေးထားဆောင်ရွက်ရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးလမ်းညွှန်ခဲ့ပါသည်။
DOCA(ရှမ်း)