Main menu

ဘိုကလေးမြို့နယ်အတွင်းရှိ ဂွတ်ရှယ်သုံးထောင့်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ (၃)ရပ်ကွက်၊ ဒုတိလမ်းရှိ ဂွတ်ရှယ်သုံးထောင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းခဲ့ကြပါသည်။

      ထို့သို့ကွင်းဆင်းခဲ့ရာတွင် ဂွတ်ရှယ်သုံးထောင့်မုန့်လုပ်ငန်းမှ ထွက်ရှိသော ကုန်စည်၏ပါဝင်ပစ္စည်းများမှာ သကြား၊ ဂျုံ၊ ဘဲဥ၊ ဆီ၊ ရေသန့်ဖြစ်ပြီး အငံမုန့်တွင်( ဂျုံ၊ သကြား၊ မြေပဲ၊ နှမ်း၊ ကြက်သွန်နီကြော်၊ ဆီ၊ ဆား၊ ရေသန့် ) များပါဝင်ပြီး အဆိုပါမုန့် တစ်နေ့ထုတ်လုပ်မှုအနေဖြင့်   ဘူးအရေအတွက်ပေါင်း (၆၀၀)ဘူးခန့် ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ရောင်းအားပေါ်မူတည်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ မုန့်တစ်ဘူးလျှင် သုံးထောင့်မုန့်(၆)ခုပါပြီး၊ အငံမုန့်(၈)ခုပါရှိပါသည်။ တစ်ဘူးဈေးနှုန်းမှာ လက်ကားအနေဖြင့် (၁၈၀၀)ကျပ်ဖြစ်ပြီး၊ လက်လီ(၁၉၀၀)ကျပ်ဖြင့်‌ ရောင်းချပါသည်။လုပ်သားဦးရေ(၇)ဦးရှိပြီး လစာအ‌နေဖြင့်  တစ်လလျှင် တစ်ဦးကို(၈၀၀၀၀)ကျပ် ပေးရပါသည်။ ဈေးကွက်အနေဖြင့် မြို့တွင်းသာမက အခြားဒေသများပါ ရောင်းချပေးပါသည်။

  ထို့နောက် မြို့နယ်တာဝန်ခံက  ထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းရောင်းချကြရန်နှင့် ကုန်စည်အရည်အသွေးပြည့်ဝစွာ ထုတ်လုပ်နိုင်ရန်  ဈေးနှုန်းဈေးကွက်အခြေအနေနှင့်  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်တို့အတွက် ဆွေးနွေးခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)