ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးစိုးဦးသည် ရုံးအမှတ် (၃) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် တိုင်းဒေသကြီး/ပြည်နယ်များတွင် စားအုန်းဆီ ထုတ်ယူဖြန့်ခွဲရောင်းချသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အစည်းအဝေးကို Virtual စနစ်ဖြင့် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြတ်ကိုကိုတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှလည်း တက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သက်ဆိုင်ရာ စားသုံးဆီအသင်းများမှ ကြီးမှူး၍ ဆောင်ရွက်နေမှုကို စားသုံးသူရေးရာဦးစီးဌာနမှ ထိန်းကျောင်းပေးလျက်ရှိရာမှ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ လက်ကားကုန်သည်များမှ ၎င်းတို့၏ အစီအစဉ်နှင့် တိုက်ရိုက်ရောင်းချမှု လက်ကားကုန်စုံဆိုင်များသို့ တစ်ဆင့်ရောင်းချမှုနှင့် ဈေးကားဖြင့် ရောင်းချမှုတို့ကို ကြီးကြပ်ဆောင်ရွက်ရန် ၊ စားအုန်းဆီ ထုတ်ယူသယ်ဆောင်ဖြန့်ခွဲမှုနှင့် ပတ်သက်၍လည်း အရေအတွက်၊ ပမာဏ၊ သတ်မှတ်နှုန်းထားဖြင့် ရောင်းချပေးမှု ရှိ/မရှိ စိစစ်ဆောင်ရွက်ရန်နှင့် စားသုံးသူ လက်ဝယ်တိုက်ရိုက်ရောက်ရှိရေး ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦးတို့မှလည်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချမည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းနှင့် တိုင်းဒေသကြီးအဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူများ လက်ဝယ်တိုက်ရိုက်ရောက်ရှိရေး အစီအစဉ်များ ရေးဆွဲတင်ပြရန် တင်ပြဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)