Main menu

ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း)အနေဖြင့် (၁၂-၉-၂၀၂၃)ရက်နေ့၊  နံနက်    (၁၀:၀၀)  နာရီ အချိန်တွင် ရုံးအုပ် ဦးတင်ဌေးဦးဆောင်သောအဖွဲ့သည် ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည့်ဆိုင်များတွင် တွေ့ရှိရသည့် ကလေးအာဟာရဖြည့်စွက်စာများ (Gold Power, Dupro, Gaullac, Kendamil, Physiolac) စသည့်အမှတ်တံဆိပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ ထို့နောက် စစ်ဆေးရေးမှူး ဦးတင်ဌေးမှ ရောင်းချသူ ဆိုင်ရှင်များအား ကလေးအာဟာရဖြည့်စွက်စာများမှာ ကလေးငယ်များအတွက် အဓိကထား ထုတ်လုပ်သော ကုန်စည်များ ဖြစ်သောကြောင့် ဘေးအန္တရာယ်ကင်းသော ကုန်စည်များဖြစ်ရန် ပိုမိုလိုအပ်ကြောင်း၊ ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ အဓိကထား ရောင်းချကြရန်နှင့် မြန်မာနိုင်ငံအစားအသောက်နှင့်  ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် တား မြစ်ကုန်စည်များရောင်းချခြင်းမပြုရန်နှင့် ကလေးအာဟာရဖြည့်စွက်စာများတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရှမ်း)