![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/20.18_1.jpg?itok=i2epm-iv)
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးမောင်လှဝင်း(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၊ကျန်းမာရေးဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၁၃-၉-၂၀၂၃) ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စစ်တွေမြို့ အမှတ်(၅)မင်းဂံရပ်ကွက်၌ ဒေါ်ရွှေရည်သင်းပိုင် TOP သောက်ရေသန့်လုပ်ငန်းသို့ သွားရောက်ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ကုန်ပစ္စည်းထုတ်လုပ်ရောင်းချရေးနှင့် သောက်ရေသန့်ဘူးပေါ်တွင် ဖော်ပြထားသည့်ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြစေရေးတို့ကို ရည်ရွယ်၍ သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်တွေခရိုင်ဦးစီးမှူးဦးမောင်လှဝင်း (ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်အရ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ အရ ကုန်စည်အုပ်စု (၈)မျိုး၏ ကုန်ပစ္စည်းအမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများနှင့် ပတ်သက်၍ သိရှိစေရေး ရှင်းလင်းပြောကြားပြီး သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်လိုအပ်ခြင်း၊ အကယ်၍ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်ပါကြောင်း၊ ထို့အပြင် သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက်များရယူရန်လိုအပ်ကြောင်း၊ စက်ရုံပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အလုပ်သမားများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိစေရေး၊ သောက်ရေသန့်ဘူးများ သန့်ရှင်းမှုရှိစေရေးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)