Main menu

ပြည်ခရိုင်အတွင်းရှိ မြို့မစည်ပင်သာယာဈေးများတွင် ရောင်းချလျှက်ရှိသောကုန်စည်များ ဘေးအန္တရယ်ကင်းရှင်းမှု ရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရွှေတောင်မြို့နယ် နှင့် ပေါက်ခေါင်းမြို့နယ်တို့ရှိ  မြို့မစည်ပင်သာယာဈေးများသို့ သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်၍ မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့မှ နိုဝင်ဘာ (၁၆)ရက်နှင့် (၂၂) ရက်တို့တွင်ဈေးများအတွင်းရောင်းချ လျှက်ရှိသော ကုန်စည်များဘေးအန္တရယ်ကင်းရှင်းမှုရှိစေရေး၊ စားသုံးသူ ပြည်သူများ လုံခြုံစိတ်ချ ရမှုရှိစေရေး ၊ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်ညွှန်းအမှတ်အသား များပြည့်စုံ မှန်ကန်မှုရှိစေ ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။

       အဆိုပါ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာဖော်ပြ ထားသော ကုန်စည်များကိုသာ ဦးစား ပေးရောင်းချကြရန်၊ သက်ဆိုင်ရာ အစိုးရဌာနများမှ စားသုံးရန်နှင့်သုံးစွဲရန် မသင့်ဟု ကြေညာ ထားသော ကုန်စည်များအား ရောင်းချခြင်းမပြုကြရန်၊ စားသုံးသူ ပြည်သူများအား နစ်နာဆုံးရှုံး မှုဖြစ်စေမည့် ကုန်စည်များ၊ သက်တမ်းလွန် ကုန်စည်များအား သွယ်ဝိုက်ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် လုပ်ငန်းရှင်များသို့ အသိပေးပြောကြားခဲ့ကြောင်းနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင် များကိုလည်း ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)