![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22.1_0.jpg?itok=2IB5BSk7)
၁၃.၉.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့ အမှတ် (၁)၊ အမှတ် (၂) ဈေး၊ ဝံဈေး၊ K-mark၊ Mini Market တို့တွင် ကလေးအာဟာရဖြည့်စွက်စာများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ အသေးစိတ်ပါရှိရမည့်အချက်များ ဖော်ပြထားသော လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)