![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/22.4_1.jpg?itok=eEunpBmg)
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “စားသုံးသူကာကွယ်ရေးအသိပညာပေး လက်တွေ့အသုံးချမှုသင်တန်း” ကို ၁၄.၉.၂၀၂၃ ရက်နေ့မှ ၁၅.၉.၂၀၂၃ ရက်နေ့ထိ (၂) ရက် ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းနည်းပြများနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်တာဝန်ခံများ စုစုပေါင်း (၃၃) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းအား ဆက်လက်ဆွေးနွေးပို့ချက်ရာတွင် သက်ဆိုင်ရာနည်းပြများက စားသုံးသူကာကွယ်ရေး ဥပဒေဘာသာရပ်၊ နည်းဥပဒေဘာသာရပ်၊ စားသုံးသူကာကွယ်ရေးဆိုင်ရာဘာသာရပ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်များကို သင်ကြားပို့ချခဲ့ကြပြီး သင်တန်းသားများက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်တွေ့ဟောပြောဆွေးနွေးခြင်း၊ အားသာချက်၊ အားနည်းချက်၊ အခွင့်အရေး၊ အခက်အခဲများကို အုပ်စုအလိုက် ဖော်ထုတ်ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)