Main menu

ကော့ကရိတ်မြို့ရှိ ပျံလွှာမုန့်တိုက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တာဝန်ခံရုံးရှိ ကော့ကရိတ်မြို့နယ်တာဝန်ခံ ဦးသက်လွင်(ရုံးအုပ်)၊ ကြာအင်းဆိပ်ကြီးမြို့နယ်တာဝန်ခံ ဦးမောင်မောင်အေး(ဒု-ကြီးကြပ်ရေးမှူး)တို့သည် (၁၅-၉-၂၀၂၃)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်‌‌ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကျေးအဖွဲ့ဝင်များ ပူးပေါင်း၍ ကော့ကရိတ် မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ လုပ်ငန်းရှင်ဦးမင်းသိန်းပိုင် ပျံလွှာမုန့်တိုက်တွင် ထုတ်လုပ်လျက်ရှိသော ပေါင်မုန့်၊ ကိတ်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းသို့ စားသုံးသူကာကွယ်ရေး ကော်မရှင်၏  ၂/၂၀၁၉ပါ ညွှန်ကြားချက်နှင့်အညီ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

        ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်ဦးမင်းသိန်းအား စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်း ပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်နှင့် သက်ဆိုင်ရာအစိုးရဌာနများ၏ သတ်မှတ်ထောက်ခံချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြာဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ဖြစ်စေ တွဲလျက်ဖော်ပြပေးရမည်ဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရုံးအနေဖြင့် စားသုံးသူများဘေးဥပါဒ် အန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

DOCA(ကရင်)