Main menu

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်၊ မြို့ပေါ်ရှိ စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၅.၉.၂၀၂၃) ရက်နေ့၊ နံနက်(၁၂:၀၀)နာရီတွင် မြို့နယ်စားသုံးဆီလုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ သပြေထွန်းခန်းမ၌ စားသုံးဆီလုပ်ငန်းရှင်များအား ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း တာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သတ်မှတ်ညွှန်ကြားချက် များနှင့်အညီ ရောင်းချကြရန်နှင့် အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀)ပါတားမြစ်ချက်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့်ပတ်သက်ပြီး အရေးကြီး ကုန်စည်ဥပဒေများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါကြောင်းနှင့် ဟောပြောပွဲသို့ ဆီလုပ်ငန်းရှင် (၁၀၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)