Main menu

ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၌ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ မြို့နယ်အထွေအထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ်(ဒု-ဦးစီးမှူး)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်း အင်ဂျင်နီယာ-၄)တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့်ဆက်စပ်ဌာနများမှ ကုန်စုံဆိုင်ရောင်းချသူများအား ရှင်းလင်းမှာကြားရာတွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား/ အရေအတွက်/ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးပြီးနောက် သက်ဆိုင်ရာဌာနက သတ်မှတ်ထားသော ကုန်အညွှန်းအသားများ ပြီးပြည့်စုံမှသာလျှင် မှာယူဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မိမိတို့ ဦးစီးဌာများအနေဖြင့် စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ရှေးရှုပြီး ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ အများပြည်သူစုဝေးသည့်နေရာများတွင် အသိညာပေးဟောပြောပွဲများ ကျင်းပခြင်းစသည်တို့ကို လစဉ် ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများနှင့် ကုန်စုံဆိုင်ဖြန့်ဖြူးရောင်းချနေသူများ ပူးပေါင်းလျက် ပြည်သူအားလုံး စားသုံးသူအခွင့်အရေးများ အပြည့်အဝ ခံစားခွင့်ရရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန်  တာဝန်ရှိပါကြောင်း ရှင်းလင်းမှာကြားခဲ့ပါသည်။

 

DOCA(ချင်း)