Main menu

ဂွမြို့နယ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

    ဂွမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်မာမာလေးသည်(၁၁-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဂွမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း ၊ မြို့နယ်အဆင့်အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားသို့တက်ရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။  

    ထိုသို့ဆောင်ရွက်ရာတွင် ဂွမြို့နယ် ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းစံမြတ်မှ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော မိန်းကလေးများအား       သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းနှင့်ပတ်သတ်၍ ရောဂါကာကွယ်ကုသခြင်း၊ရောဂါကူးစက်ခြင်းဆိုင်ရာလက္ခဏာများ၊ကာကွယ်ဆေးထိုးနှံပေးသွားမည့် အစီအစဉ်များ အားရှင်းလင်းပြောကြားပြီး၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံမှုများနှင့် ပတ်သတ်၍ VideoClips ဖြင့်ပြသခဲ့ပြီးနောက် ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေး (ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ အကြောင်းအရာများနှင့် ပတ်သတ်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သတ်၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ဌာနမှဖွင့်လှစ်ထားရှိသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) များဖွင့်လှစ်ထားရှိမှု၊ ဌာန Website ဖြစ်သည့် www.doca,gov.mm နှင့် DOCA Myanmar Mobile Application တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ အသိပညာပေးဟောပြောခဲ့ကာ ၊စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(ရခိုင်)