Main menu

ငပလီမြို့၊ ဂျိတ္တောရပ်ကွက်၊ ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၅-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပလီမြို့၊ ဆေးမျိုးစုံရောင်းချသည့် ဆိုင်များအား မိတ်ဖက်ဌာနဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ တိုင်းရင်းဆေးဝါးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငပလီမြို့ပေါ်ရှိ ဆေးအမျိုးမျိုးရောင်းချနေသောဆေးဆိုင်များအား ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များကို ရောင်းချနေကြောင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တားမြစ်ထားသော ဆေးဝါးများကို ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆက်လက်၍ ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါးများ၊ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ဆေးဝါးများကိုမရောင်းချရန်၊ ဌာနများ၏တားမြစ်ကုန်စည်များကိုလည်း မရောင်းချရန်နှင့် သတ်မှတ်ချက်စည်းကမ်းများနှင့်မကိုက်ညီသော ကုန်စည်များကိုရောင်းချခြင်း မပြုရန်နှင့် တွေ့ရှိရပါက ပြစ်ဒဏ်များခံရမည်ဖြစ်၍ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်းကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရပါသည်။

DOCA(ရခိုင်)