၅.၉.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:ဝ၀) တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့်အတူ ဈေးကွက်အတွင်းရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းပြဌာန်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းများကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်အေးအေးမော် (စစ်ဆေးရေးမှူး)နှင့်အတူ တာဝန်ရှိဝန်ထမ်းများက ဒေါပုံမြို့နယ် CAPITAL အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့ကို စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း (၁၈)၊ ပုဒ်မ (၄၁) ရှိ (ခ)နှင့် (ဆ)ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။
DOCA(ရန်ကုန်)