Main menu

ပွင့်ဖြူမြို့နယ်၌ ကလေးငယ်များ အာဟာရဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးပေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ မင်းဘူးခရိုင်အတွင်းရှိ ကလေးငယ်နှင့်စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုရယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေးအတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ (၁၄.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဆေးနှင့်ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုး ရောင်းချသောဆေးဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

       ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များတွင်ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ၊  အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖော်ပြထားကြောင်းနှင့် ကလေးငယ်အသက်အပိုင်းအခြားအလိုက် တိုက်ကျွေးရန်ဖော်ပြပါရှိကြောင်း၊ မိခင်နို့သည် အကောင်းဆုံးသောအာဟာရဖြစ်သည်ဟူသော ဖော်ပြချက်များလည်း တွေ့ရှိရပါကြောင်း၊ ထို့အပြင် အမှတ်တံဆိပ်များတွင်လည်း လျော်ကန်စွာအသုံးပြုရန်နှင့်လျော်ကန်စွာ အသုံးမပြုပါကကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ မွေးကင်းစနှင့်(၆)လအောက်ကလေးများ၊ လမစေ့ပဲ မွေးသောကလေးနှင့်ပေါင်မပြည့်သောကလေးများအတွက် ကျန်းမာရေးဝန်ထမ်း၏ညွှန်ကြားချက်အတိုင်း တိုက်ကျွေးရန်ပါရှိကြောင်းလည်း စစ်ဆေးတွေ့ရှိရပါသည်။

          ပွင့်ဖြူမြို့နယ်အတွင်းရှိ ဆေးနှင့်ကလေးအာဟာရဖြည့်စွက်စာအရောင်းဆိုင်များကို ပြည့်စုံသော ကုန်အညွှန်းအမှတ်အသားများပါရှိမှသာရောင်းချရန်၊ ကလေးအာဟာရဖြည့်စွက်စာသည် အရေးကြီး ကုန်စည်ဖြစ်သည့်အတွက် တရားဝင်တင်သွင်းထားသော ကုန်စည်အမှတ်တံဆိပ်များသာ ရောင်းချရန်၊ သတိပေးနှိုးဆော်ချက်များနှင့် သက်ဆိုင်ရာအစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိမှသာရောင်းချရန် အသိပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)