Main menu

မင်းတုန်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ ကုန်စုံဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့ ၏လမ်းညွှန်မှုဖြင့် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် လစဉ်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ (၁၈.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံဦးကျော်ရွှေမှ ဈေးဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသည့် ကုန်စည်များကိုရောင်းချရန်၊ မြန်မာနိုင်ငံစားသုံးသူရေးရာ ကော်မရှင်မှထုတ်ပြန်ထားသည့် (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ဦးစားပေးရောင်းချစေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန် များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(မကွေး)