Main menu

မောင်တောမြို့ရှိ စတိုးဆိုင်များတွင် ကလေးဖြည့်စွက်အာဟာရမှုန့်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

    (၁၉-၉-၂၀၂၃) ရက်နေ့၊  နံနက် (၁၀:၀၀) နာရအချိန်တွင်   စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောမြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ထွန်းမြ (စစ်ဆေးရေးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့မအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သောပူးပေါင်းအဖွဲ့တို့သည် ထုတ်ကုန်များလုံခြုံစိတ်ချ ရမှုရှိစေရန်အတွက် မောင်တောမြို့ ၊ မြို့မအရှေ့ရပ်ကွက်၊ မြို့မမြောက်ရပ်ကွက်ရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့  ဆောင်ရွက်ခဲ့ရာတွင် မောင်တောမြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်နှင့်ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးဖြည့်စွက်အာဟာရမှုန့်များသည် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးက စတိုးဆိုင်ပိုင်ရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်မဖြစ်မနေဖော်ပြရမည့်အချက်များ ဖြစ်ကြသည့် အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး ကြိုတင်သတိပေးချက်များအား ဖော်ပါထားခြင်း ရှိ/မရှိ နှင့်ပတ်သတ်၍ အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)