စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့် ဌာနခွဲစာရေး ဦးအောင်ဝင်းတို့သည် ၂၀၂၃ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် အုတ်တွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇေယျာလင်းဦးဆောင်သော ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဖြင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ရှိ စည်ပင်သာယာဈေးကြီးနှင့် ဈေးဆိုင်ပြင်ပ ရပ်ကွက်ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် အရောင်းဆိုင်များ၌ ရောင်းချနေသည့် ကုန်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး ဈေးနှုန်းနှင့် ရောင်းချနေသည့်အခြေအနေများကို လေ့လာခဲ့ပါသည်။ အဖွဲ့ခေါင်းဆောင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနက သုံးစွဲရန်မသင့်ဟု သတ်မှတ်သည့် ကုန်စည်များကို ရောင်းချခြင်း မပြုရန်၊ စားသုံးသူပြည်သူများ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရန် အရည်အသွေးမီ ကုန်စည်များကို တတ်နိုင်သမျှ အမှတ်တံဆိပ် စုံစုံလင်လင်ရောင်းချရန်နှင့် အရည်အသွေးနိမ့်ကုန်စည်များကို ရောနှောရောင်းချခြင်း မပြုရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုဘဲ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာ ရောင်းချကြရန် မှာကြားခဲ့ပါသည်။
ပူးပေါင်းအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့တို့နှင့်အတူ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရပါသည်။
DOCA(ပဲခူး)